မော်လမြိုင် ဇူလိုင် ၂
မော်လမြိုင်မြို့ဦးခန္တီဘုရား စောင်တန်းလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ရာ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်၊ လူမှုရေးအသင်းအဖွဲ့များ၊ NGOများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၄၃၀ ခန့်သည် ဦးခန္တီ ဘုရားကြီး တောင်ရိုးတန်း လမ်း တစ်လျှောက် သစ်ပင်ခြုံနွယ် ပိတ်ပေါင်းများ၊ ခုတ်ထွင်ရှင်းလင်းခြင်း၊အမှိုက်များ ကောက်ယူ ရှင်းလင်းခြင်း သစ်ပင်သစ်ကိုင်းများရှင်းလင်းခြင်း လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်ကြီးများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဝန်ထမ်းများက ကရိန်းကားကြီးများနှင့်တက်ရောက် ခုတ်ထွင်ရှင်းလင်းဆောင်ရွက်နေမှုအားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက မော်လမြိုင်မြို့နယ် တောင်ရိုး တန်းလမ်းသည် အများပြည်သူများ စိတ်အပန်းဖြေလာရောက်သည့် နေရာဒေသဖြစ်ကြောင်း၊ ဘုရားဖူးပြည်သူများ လာရောက် လည်ပတ်သည့် စေတီ၊ ပုထိုးမျာ စုံရာနေရာ ဖြစ်ခြင်း၊ ကျန်းမာရေးလိုက်စားသူများအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားများ ဆောင်ရွက်ခြင်း၊တောင်ရိုး တန်းလမ်းတစ်လျှောက် လမ်းလျှောက်ခြင်းများ၊ အသက်ရှူလေ့ကျင့်ခန်းများ လာရောက်ဆောင်ရွက်ကြသည့်အတွက် ပတ်၀န်းကျင် သန့်ရှင်းသာယာလှပပြီး လေကောင်းလေသန့်များရှူရှိုက်ရာတွင်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်းသန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာ ကောင်းမွန်ရေး၊ ရေနုတ်မြာင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် တာ၀န်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်