သတင်းများ

ပြည်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 02,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ် ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်တက္ကသိုလ် အားကစားနှင့် ကာယပညာ ကော်မတီက ကြီးမှူးကျင်းပ‌သော ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းအားကစား ပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ဗန်းမောက်မြို့၌ မြန်မာအမျိုးသမီးများနေ့အကြို (Talk Show) ကျင်းပပြုလုပ်
Jul 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က “မြန်မာအမျိုးသမီးများနေ့အကြို” အသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဌာနဆိုင်ရာများမှ အမှန်တကယ်လိုအပ်သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရန်ပုံငွေလျာထားတောင်းခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jul 01,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဌာနဆိုင်ရာများမှ အမှန်တကယ်လိုအပ်သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရန်ပုံငွေလျာထားတောင်းခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပုဇွန်တောင်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Jul 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၁:၀၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ
Jul 01,2022
မြန်မာနိုင်ငံ၌ နှစ်စဉ်ဇူလိုင်လ (၃)ရက်နေ့တိုင်းတွင် မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် သိမ်ကုန်းကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်(၄)လုံး ဘေးလွတ်ရာသို့ရွှေ့ပြောင်း
Jul 01,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သံကိုင်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်က ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့သဖြင့် လူနေအိမ်(၄)လုံး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
သိန္နီမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲကျင်းပ
Jul 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များအား အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ငပုတောမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်း မိသားစုများက ဆွမ်းဆန်တော်များ ဆပ်ကပ်လှူဒါန်း
Jul 01,2022
ငပုတောမြို့၌ ပြည်ထဲ​ရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်း မိသားစုများက ဆွမ်းဆန်တော် ဆပ်ကပ် လှူဒါန်းခြင်းကို ယနေ့ နံနက်(၈) နာရီအချိန်က ​တောင်ပိုင်းရပ်ကွက်ရှိ ဓမ္မရိပ်သာကျောင်းတိုက်သို့ ဆွမ်းဆန်​တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ​ဆောင်ရွက်လျက်ရှိသည်။