ဒေါပုံ ဇူလိုင် ၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြိုနယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိူင်(၃) ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် အမျိုးသမီးများနေ့ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့ နံနက်(၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သူဇာဝင်း နှင့်စာရေးဆရာမ ပေါက်ပေါက်တို့မှ မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ အကြောင်းများ၊ မြန်မာအမျိုးသမီးများနေ့ သတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်များ၊ တန်ဖိုးရှိသော အမျိုးသမီးတစ်ဦး ဖြစ်ဖို့အတွက် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းများ၊ မိမိတို့အားကျမိတဲ့ အမျိုးသမီးစွမ်းဆောင်ရှင်များ၏ အကြောင်းများ၊ ယနေ့ခေတ် မြန်မာအမျိုးသမီးများ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေဖို့အတွက် ကြံပြုချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သူဇာဝင်း (ပြန်ဆက်)