ချောင်းဆုံ ဇူလိုင် ၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက်(၅နှစ်မှ ၁၈နှစ်) ကြား ကျောင်းအခြေပြု ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံခြင်းကို ယနေ့ နံနက်၉နာရီမှ စတင်၍ သက်ဆိုင်ရာ အခြေခံပညာကျောင်း (၁၇)ကျောင်းတွင် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံ ပေးခဲ့ကြသည်။
ချောင်းဆုံမြို့နယ် အခြေခံပညာကျောင်း (၁၁၁)ကျောင်း ဘုန်းတော်ကြီး ပညာသင်ကျောင်း (၁)ကျောင်း၊ စုစုပေါင်း (၁၁၂)ကျောင်းအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် (၅နှစ်မှ ၁၈နှစ်)နှင့် အသက်(၁၂နှစ်မှ ၁၈နှစ်) အုပ်စု နှစ်စုခွဲပြီး အသက်အရွယ်အလိုက် ကာကွယ်ဆေးများကို ဇူလိုင် (၂)ရက်က စတင်ပြီး ဒုတိယအကြိမ် ကျောင်းအလိုက် ကာကွယ်ဆေးများကို လိုက်လံ ထိုးနှံပေးလျက်ရှိသည်။
ယနေ့အထိ အခြေခံပညာကျောင်း (၃၅)ကျောင်းအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိပြီး ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခဲ့သည့် ကျောင်းသား/သူမှာ (၁၇၂၁၅)ဦးရှိကြောင်း သိရသည်။
ချောင်းဆုံ (ပြန်/ဆက်)