သံတောင်ကြီး ဇူလိုင် ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်လူမျိုး အများစုနေထိုင်သည့်အတွက် လူငယ်လူရွယ်များအနေဖြင့် မိမိတို့၏ ဘာသာစကားကိုတန်ဘိုးထားတတ်စေရန်၊ ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ စကောကရင်စာပေသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ရှင်ဂျော့ဂျက် အသင်းတော်ဘုရားကျောင်းခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို သံတောင်ကြီးမြို့ပေါ်ရှိ လူငယ်(၄၀)ဦးမှ တက်ရောက်ပြီး သင်တန်းနည်းပြ (၃)ဦးဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၇)ရက် ဖွင့်လှစ်သင်ကြားပေးသွားမည်ကြောင်းနှင့် သင်တန်းတက်ရောက်ပြီးသည့်လူငယ်များက မိမိတို့၏ ရပ်ကွက်များအလိုက် ကျောင်းသူ၊ကျောင်းသား ကလေးသူငယ်များအား ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်းဘွဲကရင်စာပေ တာဝန်ခံနော်စိန်ပန်းထံမှ သိရသည်။
နော်နော်မူ