စုကလိမြို့တွင် “တားဆီးကာကွယ် လူကုန်ကူးမှုအန္တရာယ်” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်

စုကလိ ဇူလိုင် ၄

ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများအား အသိပညာပေးလုပ်ငန်းများကို အကောင်ထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ “တားဆီးကာကွယ် လူကုန်ကူးမှုအန္တရာယ်” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက စုကလိမြို့၊ ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန Community Center တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show တွင် လူကုန်ကူးမှုဆိုတာ ဘာကိုခေါ်ပါသလဲ၊ လူကုန်ကူးခံရသည့် အသက်အရွယ်အပိုင်းအခြား၊ တစ်ဖက်နိုင်ငံသို့ လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ရာတွင် အာမခံချက်အပြည့်အဝပေးနိုင်သည့် အဖွဲ့အစည်းများ၊ လူကုန်ကူးမှုခံရသည့် ကလေးငယ်များနှင့် အမျိုးသမီးများ၏ ဆိုးရွားသည့်ဘဝအတွေ့အကြုံများအကြောင်းတို့အပြင် အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်နှင့် အငယ်တန်းစာရေး(အင်အားပြ) ဦးကိုကိုအောင်တို့က ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ဆွေးနွေးမှုအပြည့်အစုံကို We Love Sukali Page တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

ပိုပိုအောင်(စုကလိ၊ ပြန်/ဆက်)