‌ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်း၍ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

မြစ်ကြီးနား ဇူလိုင် ၄

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုဝင် ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးတို့က တက်ရောက်ပြီး အလှူငွေ များ ပေးအပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ဆရာတော်၊ သံဃာ‌တော်များထံမှ ငါးပါးသီလခံယူဆောက် တည်ခြင်း၊ ပရိတ်တရာတော်များနာယူခြင်း အမှုတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ဇနီး၊  ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးတိုက ရှမ်းမျိုးနွယ်စု ခေါင်းဆောင်များ၊ အလှူရှင်ဒါယကာ၊ ဒါယိကာမများနှင့် အတူ ဝါဆိုင်္ကန်းကို စုပေါင်း ဆက်ကပ် လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ပြည်နယ် ပြန်/ဆက်