ထန်းတပင်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာပေးဟောပြော

ထန်းတပင်(ရန်ကုန်) ဇူလိုင် ၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်​အတွင်းရှိ ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် လျှပ်စစ်အန္တရာယ်နှင့်ပတ်သက်၍ အများပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများအား အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးသိန်းနှင့်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲစိုးထက်တို့မှ တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများအား လျှပ်စစ်အန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာများအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြကြောင်းလည်း သိရသည်။

အသိပညာပေးဟောပြောပွဲသို့ မြို့ပေါ်ရပ်ကွက်(၅)ခုမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများကိုလည်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)