တံတားဦးမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တံတားဦး ဇူလိုင် ၄

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်အုပ်ချုပ်ရေးမှူးနှင့် တံတားဦးမြို့နယ်ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းက ဌာနဆိုင်များအနေဖြင် မိမိတို့ဝန်ထမ်းများအား ရုံးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ကြစေလိုကြောင်း၊ မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်၊ မိမိတို့ရုံးဌာနနှင့် ဝန်ထမ်းများ လုံခြုံရေးသတိပြုကြရန်၊ မိမိခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များကို ဂရုပြုကြရန်လိုကြောင်း၊ ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ လမ်းမကြီးများနှင့် ကုန်ထုတ်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများက  စနစ်တကျစီမံခန့်ခွဲပေးကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲတင့်