ကျိန္တလီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျိန္တလီ ဇူလိုင် ၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အနေဖြင့် ကျိန္တလီမြို့ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် (၉)နာရီ အချိန်တွင် အမှတ်(၁)ရပ်ကွက်နှင့် ကျိန္တလီနယ်မြေ ရဲစခန်း ဝန်ထမ်းအိမ်ယာသို့ သွားရောက်ခဲ့ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင်  ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးဖြိုးဝေလင်း၊ ကျိန္တလီနယ်မြေ မီးသတ်စခန်း တာဝန်ခံ ဦးခင်မောင်ညို၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများမှ အမှတ်(၁)ရပ်ကွက် လူနေအိမ်များနှင့် ကျိန္တလီနယ်မြေရဲစခန်းရှိ ဝန်ထမ်းအိမ်ယာများတွင် ထားရှိသည့် ရေစည်ပိုင်းများ၊ ရေကန်များ၊ စဉ့်အိုးများနှင့် ခြင်ခိုအောင်းနိုင်သော နေရာများသို့ ပိုးလောက်လန်းသေစေသည့် အဘိတ်ဆေးများ ခတ်ပေးခြင်း၊ နေအိမ်များရှိ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိန္တလီ (ပြန်/ဆက်)