သတင်းများ

မန္တလေး မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ
May 12,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ MIIT Auditorium Hall ၌ ယနေ့နံနက် (၉)နာရီက ဘွဲ့ကြို (ပထမနှစ်)ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။
တောင်ငူ၌ တောင်ငူပညာရေးဒီဂရီကောလိပ်နှင့် တောင်ငူတက္ကသိုလ် ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား
May 12,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တောင်ငူပညာရေး ဒီဂရီကောလိပ်နှင့် တောင်ငူတက္ကသိုလ်တို့ကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများအား စတင်ဖွင့်လှစ်သင်ကြားပေး
May 12,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ စီးပွားရေးတက္ကသိုလ်တွင် ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းကစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
သံတွဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး
May 12,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ဌာနများအရောက် စာအုပ်များ ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
စမ်းချောင်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးဆောင်ရွက်
May 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်း လိုက်နာစေရေးအတွက် ယနေ့နံနက် ၇ နာရီက လူစည်ကားရာ နေရာများတွင် ယာဉ်စစ်ဆေးခြင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဒဂုံတက္ကသိုလ် စတင်ဖွင့်လှစ်၍ ကျောင်းသား / သူများ ပညာသင်ကြား
May 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ ဒဂုံတက္ကသိုလ်အား ယနေ့ နံနက်ပိုင်း ၉ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ရာ တက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ကျောင်းအုပ်ဆရာ / ဆရာမကြီး များ၊ မေဂျာအလိုက်နည်းပြ၊ သရုပ်ပြဆရာ / ဆရာမများနှင့် ကျောင်းသား / သူများ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၊ ပညာရေးဒီဂရီကောလိပ်ကျောင်းများ ပြန်လည်ဖွင့်လှစ်
May 12,2022
နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်နှင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်နိုင်ရန်အတွက် အလုပ် အကိုင်အခွင့်အလမ်းများကိုရယူအသုံးချကာ လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်သော ဘွဲ့ရလူငယ်မောင်မယ်ပညာတက်များ မွေးထုတ်ရေးကိုဦးတည်လျက် ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းများ ယနေ့နံနက်ပိုင်းက တစ်ပြိုက်တည်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီးမြို့တွင် ဆေးထိုးအုပ်စုအလိုက် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
May 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကော့သောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ဆရာမများက ဆေးထိုးအုပ်စုအလိုက်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက်(၈)နာရီမှစ၍ ထိုးနှံပေးခဲ့သည်။