ရပ်စောက် မေ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား လူငယ်များ အသိအမြင် ဗဟုသုတတိုးပွားစေရေးအတွက် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “အောင်မြင်သူတို့ရဲ့ အပြုအမူ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက ကျောင်းသားလူငယ်များအနေဖြင့် စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် အတွေးအခေါ် အယူအဆများ တိုးတက်လာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး “အောင်မြင်သူတို့ရဲ့ အပြုအမူ” စာအုပ်မှ လူကြီးဖြစ်လာမည့် လူငယ်များသို့၊ ပြဿနာဆိုတာ အခွင့်အလမ်းပဲနှင့် အောင်မြင်သူတို့ရဲ့ အပြုအမှုစသည့်ခေါင်းစဉ်များမှ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် (Youth Club) အဖွဲ့ဝင်များနှင့် စာအုပ်ပါအချက်များကို အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)