သတင်းများ

နည်းပညာတက္ကသိုလ် (မန္တလေး)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
May 12,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ် (မန္တလေး)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲက အဆိုပါတက္ကသိုလ်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး (Talk Show)ဆွေးနွေးပွဲဆောင်ရွက်
May 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ဆောင်ရွက်သည်။
ထားဝယ်နည်းပညာတက္ကသိုလ် ပြန်လည်ဖွင့်လှစ်
May 12,2022
မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ နည်းပညာတက္ကသိုလ်များတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီရပ်နားထားရာ၌ဖွင့်လှစ်ရန် ကျန်ရှိသော ပထမနှစ်မှစတုတ္ထနှစ်ထိ အတန်းများ၊ ပဥ္စမနှစ်အောင်နှင့် ဆဋ္ဌမနှစ်တက်ရန် ကျန်ရှိသောကျောင်းသား/သူများ၊ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား/သူ များအတွက် တက္ကသိုလ်များဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(ထားဝယ်)တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား ကရင်၊မြန်မာနှစ်ဘာသာဖြင့်‌ လိုက်လံအသိပေးနှိုးဆော်
May 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ  ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ လူစည်ကားသည့်‌နေရာများ၊ လမ်းဆုံလမ်းကွများ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကြိုတင်  ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့၊‌ တောင်ပလောင်ကျေးရွာ၌ ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ထုတ်ပြန်သည့် ကိုဗစ်-၁၉‌ရောဂါ လမ်းညွှန်ချက်များနှင့် ကာကွယ်‌ဆေးအကြိမ်ပြည့်ထိုးနှံ‌ရေးအသိပညာ‌ပေးချက်များအား မိဘပြည်သူများသိရှိစေရန်အတွက် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိ‌ပေးနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက် ဆောင်ရွက်ပေး
May 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၉) ရပ်ကွက်တွင် ယမန်နေ့က ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသည့် သုတ၊ ရသစာအုပ်များကို ဖဆပလ စာကြည့်တိုက်သို့ ထပ်ဆင့်လှူဒါန်းပေးအပ်
May 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လှူဒါန်းမှုဖြင့် ရရှိလာသော သုတ၊ ရသ စာအုပ်များကို မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီက ဖဆပလ စာကြည့်တိုက်သို့ ထပ်ဆင့်လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တာမွေမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြန်မာ့ရိုးရာစကားပုံဆက်ပြိုင်ပွဲ ကျင်းပ
May 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် မြန်မာ့ရိုးရာစကားပုံများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး