ဝါးခယ်မ မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် မြိုနယ်အဆင့် သင်ရိုးသစ် Grade-5 ဆင့်ပွားသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီအချိန်တွင် ဒေါ်ပိုက်မိခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြိုနယ်အဆင့်သင်ရိုးသစ် Grade-5 ဆင့်ပွားသင်တန်းဆင်းပွဲကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ ယခုပညာသင်နှစ်အတွင်း ကျောင်းသား/သူများ ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေး စည်းရုံး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းနှင့် သင်တန်းတက်ရောက်လာသည့်ဆရာ/ဆရာမများနှင့် သင်တန်းနည်းပြ ဆရာ/ဆရာမများအား ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြိုနယ်အဆင့်သင်ရိုးသစ် Grade-5 ဆင့်ပွားသင်တန်းသို့ တက်ရောက်လာ သည့် ဝါးခယ်မမြို့ အ.ထ.က(၁)တွင် သင်တန်းနည်းပြ ၅၄ ဦးနှင့် သင်တန်းသား၊ သင်တန်းသူ ၈၁၁ ဦး ကိုလည်းကောင်း၊ ကျုံမငေး အ.ထ.က တွင် သင်တန်းနည်းပြ ၂၄ ဦးနှင့် သင်တန်းသား၊ သင်တန်းသူ ၃၉၉ ဦးကိုလည်းကောင်း၊ ရွှေလောင်း အ.ထ.က တွင် သင်တန်းနည်းပြ ၂၂ ဦးနှင့် သင်တန်းသား၊ သင်တန်းသူ ၃၃၃ ဦးတို့ကို လည်းကောင်း နေ့ထွက်စရိတ်များပေးအပ်ခဲ့ပြီး ကော်ဖီများ၊ မုန့်များကျွေးမွေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)