ချီဖွေ မေ ၁၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဒေသတွင်းရှိ စာဖတ်ဝါသနာရှင်များ စာပေဖတ်ရှုခြင်း ပိုမိုကောင်းမွန်လာစေရေး နယ်လှည့်စာငှား ဝန်ဆောင်းမှုစနစ်ကို ယနေ့ နံနက် ၁၁ နာရီအချိန်က ချီဖွေမြို့မြန်မာ့ စီးပွားရေးဘဏ် ဝန်ထမ်းများထံ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စာပေလေ့လာလိုက်စားသူအနေဖြင့် စာကြည့်တိုက်သို့ စာငှားလာရောက်ရန် ခက်ခဲသူများအတွက် စာဖတ်သူတို့ သိရှိလိုသောအကြောင်းအရာများ ဖတ်ရှုနိုင်ရန် တစ်ဖက်တစ်လမ်းမှ ကူညီဝန်ဆောင်မှုပေးနိုင်ခြင်း၊ စာပေဗဟုသုတများကို ဖြန့်ဝေ ပေးနိုင်ခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် စာပေတန်ဖိုးကို သိရှိနာလည်စေရန် ရည်ရွယ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများထံ သုတ၊ ရသစာအုပ်များ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။ နယ်လှည့်စာငှားဝန်ဆောင်မှုကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပတ်စဉ် နေ့ရက်အလိုက် အလှည့်ကျကွင်းဆင်း၍ သုတ၊ ရသ စာအုပ်စာစောင်များ လဲလှယ် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ဇင်မာဝင်း(ပြန်/ဆက်)