သတင်းများ

ပလောက်မြို့၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုတ်ကွေး ရောဂါကာကွယ် ရေး ခြင်ဆေးဖျန်းပေးခြင်းဆောင်ရွက်
Jul 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၊ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့်အ‌ခြေခံပညာမူလတန်းကျောင်းတို့ရှိ ကျောင်းဝင်းအတွင်း၌ ကျောင်းသူ/သားများ အနေဖြင့်ခြင်မှတစ်ဆင့်ကူးစက် တတ်သော သွေးလွန်တုတ်ကွေးရောဂါ၊ ငှက်ဖျားရောဂ၊ ဆင်ခြေတောက်ရောဂါနှင့် အခြားကူးစက်ရောဂါများ မဖြစ်ပွါးစေရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ဇူလိုင်လ ၅  ရက်နေ့ ညနေ ၃နာရီအချိန်ကခြင်ပေါက်ဖွားမှု၊ ခြင်ခိုအောင်းမှုမရှိစေရေးအတွက် ခြင်ဆေးဖျန်းပေးခြင်းလုပ်ငန်းကို ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
မင်းလှ၌ ပန်းဇံမြောင်းရေတံခါးမှ ရရှိသောဆည်ရေဖြင့် စိုက်ပျိုးသော ဟင်းသီးဟင်းရွက် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jul 06,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပေါက်ကုန်းကျေးရွာအနီးတည် ဆောက်ထားသော ပန်းဇံမြောင်းရေထိန်းတံခါးမှ ရရှိသောမုက္ခာဆည်ရေဖြင့် စိုက်ပျိုးသောဟင်းသီးဟင်း ရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိပြီး အဆင်ပြေလျက်ရှိ‌ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ ပန်းဇံမြောင်းရေတံခါးမှ ရရှိသောမုက္ခာဆည်ရေဖြင့် ပေါက်ကုန်းအုပ်စု၊ သဲကောအုပ်စု၊ တူးမြောင်းအုပ်စုအတွင်းရှိ ဒေသခံတောင်သူများက ဘုံလုံသီး၊ ဘူးသီး၊ ပဲတောင့်ရှည်နှင့် အခြားသီးနှံများကို စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိသော သီးနှံများကို နေ့စဉ်သီရိမင်္ဂလာဈေးကြီးသို့ တင်ပို့ရောင်းချခဲ့ရာ အမြတ်ငွေများရရှိ လျက်ရှိသည်။
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ငှားရမ်းပေးခြင်းဆောင်ရွက်
Jul 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့တွင်ထွက်ရှိသည့် ကိုကိုးအသီးများ ဝယ်လိုအားမြင့်တက်လာမှုကြောင့် ဈေးကောင်းရရှိ
Jul 06,2022
မြန်မာနိုင်ငံတောင်ဘက်ပိုင်းရှိ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ဒေသမှထွက်ရှိသည့် ကိုကိုးအသီးများ ပြည်တွင်း/ပြည်ပက ဝယ်လိုအားမြင့်တက်လာမှုကြောင့်ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်အတွင်းရှိ ဧရာဝတီမြစ် ရေကာတာများနှင့် ရေကင်းစခန်းများ ကြည့်ရှုစစ်ဆေး
Jul 06,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ရောက်ရှိလာပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာမှုအခြေအနေနှင့် တာတမံကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရူစစ်ဆေး ခဲ့သည်။
တောင်သာမြို့နယ်တွင် ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက်ထုတ်ချေးပေး
Jul 06,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ  တောင်သူများအဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က  အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဒေသခံတောင်သူများအား ဆက်လက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။                  
နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မျောက်ကျောက်ရောဂါ (Monkeypox) ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Jul 06,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မျောက်ကျောက်ရောဂါ (Monkeypox) ကြိုတင်ကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခွဲ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများဆောင်ရွက်
Jul 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ ဝန်ထမ်းများအား စာအုပ်စာစောင်များ အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍