ဒေးဒရဲမြို့နယ်၌ တစ်မိုးနှစ်သီးစိုက် စံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Jul 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တညင်ကုန်းကျေးရွာအုပ်စု၊ တညင်ကုန်းကျေးရွာရှိ ကွင်းအမှတ်(၂၄၄-က)၊ ဦးပိုင်အမှတ်(၃၈)ရှိ တောင်သူ ဦးမျိုးမြင့်သန်း၏ တစ်မိုးနှစ် သီးစိုက် လယ်မြေ (၂၅)ဧကတွင် စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။