သတင်းများ

ဘားအံမြို့၊ အ-ထ-က (အုန်းတပင်) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး (Book Review) ရေးဖြေပြိုင်ပွဲနှင့် ဉာဏ်စမ်း ပြိုင်ပွဲပြုလုပ်
Jul 11,2022
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အ-ထ-က (အုန်းတပင်) ကျောင်း၌ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ကြီးမှူး၍ ကျောင်းသား/သူများ စာပေဗဟုသုတ ပြည့်စုံစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် “သုတရတနာဆည်းပူးဖွေရှာစာဖတ်ပါ” အစီအစဉ်ဖြင့် (Book Review) ရေးဖြေပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ယမန်‌နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သမိုင်းဝင်မယ်ဒက်ကယ် စေတီတော်မြတ်ကြီးအား စိန်ဖူးတော်တင်လှူပူဇော်
Jul 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ဒိုးတန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ သမိုင်းဝင်မယ်ဒက်ကယ် စေတီတော်မြတ်ကြီးအား တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် ဇနီးဒေါ်ဖြူဖြူသန့်၊ တောင်ငူမြို့ ရွှေဥဒေါင်း မိသားစုတို့မှ ဘက်စုံပြန်လည်ပြုပြင်မွမ်းမံခြင်း ထီးတော်ရွှေသင်္ကန်းကပ်လှူ၍ မူလစိန် ဖူးတော်ပြန်လည်တင် လှူပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့က အဆိုပါဘုရားတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ 
ဒေးဒရဲမြို့နယ်တွင် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်
Jul 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြို့ပေါ် နှင့် ကျေးလက်ဒေသများရှိ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကျင်းပ
Jul 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များစုပေါင်း၍
ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာသင်ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးသွားမည်
Jul 11,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် သင်ကြား/ သင်ယူမှုများ အဆင်ပြေစေရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း၌ ကျောင်းဆောင်သစ်များ ဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အစားထိုးသီးနှံစိုက်ပျိုးရန်အတွက် နှစ်ရှည်ပင်များအခမဲ့ပေးအပ်
Jul 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသရှိ စံဖူးကျေးရွာ၊ ဗန်းစောက်ကျေးရွာများတွင် အစားထိုးသီးနှံအဖြစ် ကော်ဖီပင်များကို စိုက်ပျိုးလျက်ရှိရာ  ယခုနှစ်မိုးရာသီ၌ စိုက်ပျိုးရန်အတွက် (အာရေး ဗီးကားမျိုး၊ ကတ်တီမိုး/ H28) ကော်ဖီပျိုးပင် (၅၀၀၀)ကျော်နှင့် ကော်ဖီပင်နှင့်
တောင်ဥက္ကလာပမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ(၂၂၅)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ဒုတိယကြိမ် ဆက်လက်ထိုးနှံ 
Jul 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီကစ၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစုရပ်၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌အာဇာနည်နေ့အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပ
Jul 11,2022
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အာဇာနည်နေ့ အကြိုဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ကျင်းပခဲ့ကြောင်း