သတင်းများ

မိုးမိတ်မြို့နယ်တွင် ဝါဆိုလပြည့်နေ့ ဆွမ်းလောင်းလှူပွဲ ကျင်းပ
Jul 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ဝါဆိုလပြည့်နေ့ ဆွမ်းလောင်းလှူပွဲကို ဇူလိုင် ၁၂ ရက် နံနက် ၆ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
လေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တိးပေးနိုင်ရေး အခြေခံပညာ ကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Jul 12,2022
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်များဖန်တီးပေးရေး လုပ်ငန်းကော်မတီမှဖွင့်လှစ်သည့် အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နံ့သာဖြူကုန်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ အာဆီယံသပြေ စိုက်ပျိုးသူများ ဈေးကောင်းရ၍ တိုးချဲ့စိုက်ပျိုး
Jul 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပန်းမျိုးစုံကို မြေအောက်ရေတင်ပြီး ရာသီမရွေး စိုက်ပျိုးလျက်ရှိရာ အာဆီယံသပြေ စိုက်ပျိုးသူများ ဈေးကောင်းရ၍ တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
ကော့သောင်းခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၏  မြို့နယ်လုံးဆိုင်ရာ စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 12,2022
ကော့သောင်းခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၏ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားအား ယနေ့နံနက်(၅)နာရီက ကော့သောင်းမြို့၊ ပြည်တော်အေး သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ရာ ဆရာတော်သံဃာတော်ကြီးများ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဇော်လင်း၊ ကော့သောင်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ  မြို့မိမြို့ဖများအလှူရှင် စေတနာရှင်များတက်ရောက်ကြသည်။
စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အေးမြကန်သာရပ်ကွက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် သရက်ပင်(အရှေ့)ကျေးရွာတွင် Cash For Work  စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်မည့်လမ်းပိုင်းအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Jul 12,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သရက်ပင်အရှေ့)ကျေးရွာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်   Cash For Work  စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်မည့်လမ်းပိုင်းအား  ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ သိရသည်။
မောက်မယ်မြို့နယ်၌ဝါဆိုဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲကျင်းပ
Jul 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ကကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါဆိုဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက နန်းဖတ်ခုမ်စေတီတော်ကျောင်းမှ ပရိယတ္တိပါဒက ကျောင်းကြီးစာသင်တိုက်အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ တလျှောက်တွင် ကျင်းပခဲ့သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့်ထုတ်လွှင့်တင်ဆက်
Jul 12,2022
၂၀၂၂ ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ရန်ကုန်အရှေ့ပိုင်း ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အွန်လိုင်းမှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။