မချမ်းဘော့ ဇူလိုင် ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ပညာရေးဌာနှင့်ပူးပေါင်း၍ စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတများရရှိနိုင်စေရန် ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုး ကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောပွဲကို Community Centre ခန်းမ၌ ယမန်နေ့ညနေ ၄နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး အထက-ခွဲ ထရန်ဒမ်းကျောင်းမှ ဆရာမဒေါ်အေးပွင့်သီက စာဖတ်သည့်နေရာမှာ ကျောင်းစာမကဘဲ အပြင်ဗဟုသုတစာအုပ်များ ဖတ်ရန်လိုအပ်ကြောင်း၊ စာဖတ်ခြင်းဖြင့် ဦးနှောက်ကိုပို၍ဖွံ့ဖြိုးစေပြီး အာရုံစူး စိုက်မှုအားကောင်း စေသည့်အပြင် အပြင်ဗဟုသုတများစွာ ရရှိစေနိုင်ကြောင်းနှင့် ကျောင်းသားလူငယ်တိုင်း ဉာဏ်ကောင်းဖို့အတွက် စာများများဖတ်ရန်လို အပ်ကြောင်းကို အကျယ်တ၀င့်ဟောပြောခဲ့ကာ ကျောင်းသားကျောင်း သူ (၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်