ကာလိမြို့ဌာနဆိုင်ရာများစုပေါင်း ဝါဆိုသင်္ကန်းဆပ်ကပ်လှူပူဇော်ပွဲအခမ်းအနားကျင်းပ

ကာလိ   ဇူလိုင် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းက ဌာနဆိုင်ရာဝန်ထမ်းများကို ဦးဆောင်ပြီး ယနေ့ နံနက်(၁၀)နာရီ အချိန်ခန့်က ဝါဆိုသင်္ကန်းဆပ်ကပ်လှူပူဇော်ခြင်းကို အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနရုံး၌ ကျင်းပပြု လုပ်ခဲ့သည်။

အခမ်းအနားတွင် ကာလိမြို့ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်/သံဃာတော်(၅)ပါးအား မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများတို့က ဩကာသ ကန်တော့ချိုးဖြင့် ညီညာဖြဖြပူဇော် ကန်တော့ကြပြီး ဆရာတော်များထံမှ ငါးပါးသီလခံယူတည်ဆောက်ကြသည်။ ဆက်လက်၍ ဆရာတော်/ သံဃာတော်များတို့က ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ပေး၍ သင်္ကန်းများ၊ အလှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဆွမ်းခဲဖွယ်များ ဆပ်ကပ်လှူဒါန်းခဲ့ပြီး တရားတော်နာယူ၍ ရေစက်သွန်း ချအမျှဝေခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖိတ်ကြားထားသော ကာလိ နယ်မြေစခန်းမှ စခန်းမှူးရဲအုပ်လှဟန်၊ စည်ပင်သာယာရေးဌာနမှ ဦးစီးမှူး ဦးခင်ဇော်ဦးနှင့် စိုက်ပျိုးရေးဌာနဝန်ထမ်းမိသားစုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး များတို့က တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကာလိ(ပြန်/ဆက်)