လဲချား ဇူလိုင် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများစုပေါင်း၍ ဟိုရင်ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်စိမ်းနှင့် အလှူစာများစုပေါင်းလှူဒါန်းခြင်းအား ယမန်နေ့ မွန်းလွှဲပိုင်းအချိန်က စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ စုပေါင်းလှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေနှင့် အဖွဲ့ကဦးဆောင်၍ ဌာနဆိုင်ရာများ စုပေါင်းပြီး ယခုလတွင် ဟိုရင်ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်စိမ်း(၆) အိတ်နှင့် ဆီ(၁၀)ပိဿာ(၁)ပုံးတို့ကို သွားရောက်လှူဒါန်းခဲ့ကြကြောင်းနှင့် လဲချားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဌာနဆိုင်ရာများ စုပေါင်း၍ လစဉ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)