သတင်းများ

လေးမျက်နှာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jul 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ယနေ့ နံနက်ပိုင်းက မြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခဲ့သည်။
မောက်မယ်မြို့နယ်၌ Mobile စနစ်ဖြင့်စာအုပ်များ ငှားရမ်းပေး
Jul 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်သို့လာရောက်ရန်အချိန်မပေးနိုင်သူများအား ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန် စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်း ၁၀ နာရီမှ စတင်ကာ မြို့နယ်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ Mobile စာငှားစနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းများဆောင်ရွက်
Jul 11,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေး ခပ်ခြင်းများဆောင်ရွက်ခြင်းကို  မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်၍ ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက်  မြို့ပေါ်ရပ်ကွက်များတွင် ယနေ့နံနက် ၉ နာရီအချိန်က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Jul 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ် လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများတို့က လက်ဝယ်အရောက် ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကရင်တိုင်းရင်းသားရေးရာ စာပေနှင့် ယဉ်ကျေးမှုအသင်ရုံး သစ်အား တက်‌ရောက်ဖွင့်လှစ်ပေးပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေး
Jul 11,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အိမ်မဲမြို့နယ်၊ အမှတ်(၈)လမ်း၊ ချောင်းဝ ရပ်ကွက်တွင် ပြုလုပ်သည့် အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသား ရေးရာ စာပေနှင့် ယဉ်ကျေးမှုအသင်းရုံး (၁၈ပေ×၄၅ပေ) RC နှစ်ထပ် ဆိုင်းဘုတ်တင် ရုံးသစ်ဖွင့်ပွဲ အခမ်းအနားအား တက်ရောက်ခဲ့ပြီး တိုင်းဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက အသင်းရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူး ခဲ့ကြသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၉) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဘောလုံး လက်ရွေးစင်အသင်း ခြေစွမ်းပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုအားပေး
Jul 11,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ ညနေပိုင်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းသို့ သွားရောက်၍ အာရှအဆင့်၊ အရှေ့တောင်အာရှ အဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲ များတွင် အသင်းလိုက် ဆုဖလားများ၊ တစ်ဦးချင်း ဆုတံဆိပ်များ ဆွတ်ခူးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်၊ တိုင်းဒေသကြီး ဂုဏ်ဆောင် အားကစားသမားများကို ဂုဏ်ပြုသည့်အနေဖြင့် အာကစားပြခန်း ဆောင်ရွက်ထား ရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လက်ရွေးစင် အားကစားသမားများ ကျန်ရှိမှုမရှိစေရေး၊ ခုနှစ်အလိုက် မှတ်တမ်းများ စနစ်ကျထားရှိရေး မှာလမ်းညွှန်မှာကြားခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အကြို စာအုပ်ပြပွဲနှင့် ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲကျင်းပ
Jul 11,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ Community Centreခန်းမတွင် ယနေ့နံနက်(၉)နာရီက (၇၅)နှစ်မြောက်၊ အာဇာနည် နေ့ အထိမ်းအမှတ် အကြိုစာအုပ်ပြပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးကုသမှု ခံယူနေသူများအား တွေ့ဆုံအားပေး
Jul 11,2022
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးကုသမှုခံယူနေသူများအား ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်။