လွိုင်ကော်မြို့၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ် လှုပ်ရှားမှုများဆောင်ရွက်
Jul 17,2022
ကယားပြည်နယ်၊ လွိုင်ကော်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း တိရစ္ဆာန်မွေးမြူရေးဆောင်ရွက်နေသည့် ပြည်သူများ တနိုင်တပိုင်မွေးမြူထားရှိသည့် မွေးမြူ တိရစ္ဆာန်များ ကူးစက်ရောဂါဖြစ်ပွားမှု အန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်ရောဂါ ဖြစ်ပွားလာပါက ကူးစက်ပျံနှံ့မှုကို အချိန်မီထိန်းချုပ်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မွေးမြူတိရစ္ဆာန်များ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ မှုံပြာကျေးရွာရှိ နွားမွေးမြူရေးခြံများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။