သတင်းများ

မြစ်သားမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုများဆောင်ရွက်
Jul 18,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဒေသခံပြည်သူများ၏ ကျွဲ၊ နွား တိရစ္ဆာန်များ ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇူလိုင်(၁၁)ရက် မှ (၁၇)ရက်နေ့အထိ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် ချစ်ကိုကို မော်တော်ယာဉ်လိုင်း မိသားစုနှင့်ခရီးသည်များမှ ၁၃၈၄-ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၆)ရက်နေ့ သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူပူဇော်
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ဝါတွင်းကာလတစ်လျောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူပူဇော်ပွဲကို ယနေ့ ဇူလိုင်လ ၁၈ ရက်၊ ၁၃၈၄-ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၆)ရက်နေ့ နံနက် ၄ နာရီခွဲအချိန်မှစတင်၍ အမှတ်(၃)ရပ်ကွက်၊ ကန္နားလမ်း ကားဂိတ်ရှေ့တွင် ချစ်ကိုကို မော်တော်ယာဉ်လိုင်း မိသားစုနှင့်ခရီးသည်များမှ အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူ ပူဇော်ကြသည်။
ဝါးခယ်မမြို့ သကျမဟာသီရိဘုရားကြီးဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ သကျမဟာသီရိဘုရားကြီးဝန်းအတွင်း သန့်ရှင်းသာယာလှပ‌စေရေးနှင့် လူအများဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများမှ ယနေ့နံနက် ၈ နာရီအချိန်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်များ အောင်နိုင်ရေးအလံ ပေးအပ်ပွဲကျင်းပ
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်များ အောင်နိုင်ရေးအလံ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
သာပေါင်းမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦများ လျှပ်စစ်အန္တရာယ် ကာကွယ်ကင်းရှင်းရေး ကြည်ရှုစစ်ဆေး
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိကအဆောက်အဦများ လျှပ်စစ်အန္တရာယ် ကာကွယ်ကင်းရှင်းရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်မှ စတင်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဟင်္သာတမြို့နယ်တွင် တိရိစ္ဆာန်ရောဂါ ကာကွယ်ထိန်းချူပ်ခြင်းဆိုင်ရာ ရက်သတ္တပတ် လှုပ်ရှားမှုများ ကွင်းဆင်းဆောင်ရွက်
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် တိရိစ္ဆာန်ရောဂါ ကာကွယ်ထိန်းချူပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၁ ရက်နေ့ကစတင်၍ ဆောင်ရွက်လျက်ရှိသည်။
ရွှေတောင်စုကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး စေတနာဝန်ထမ်း လူငယ်ဆင့်ပွား သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဆင်းပွဲပြုလုပ်
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မကျည်းကုန်းကျေးရွာအုပ်စု၊ ရွှေတောင်စု ခေတ်မီစံပြကျေးရွာတွင် ဇူလိုင်လ (၁၆)ရက်နေ့ ညနေပိုင်းက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် သဘာဝဘေးလျော့ပါးရေး စေတနာဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဆင်းပွဲကျင်းပခဲ့သည်။
ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ပညာရေးမိသားစုမှ (၂၂) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ပညာရေးမိသားစု၏ (၂၂) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီမှ စ၍ ဘုရားခန်း၊ မြသီတာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။