ငဖဲမြို့ချင်းစုရပ်ကွက်တွင် ပန်ဖူးစားပြောင်းများစိုက်ပျိုးရောင်းချပြီး မိသားစုပုံမှန်ဝင်ငွေရရှိ
Jul 17,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့မရပ်ကွက် ချင်းစုရပ်မှ တောင်သူများအနေဖြင့်မြို့၏အရှေ့ဘက်ရှိ လယ်မြေများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်အတူ မြေအောက်ရေနှင့် ဆည်ရေကို အသုံးပြု၍ ဟင်းသီးဟင်းရွက်များနှင့် ပန်ဖူးစားပြောင်းများကို ရာသီအလိုက် စိုက်ပျိုး ရောင်းချပြီး မိသားစုပုံမှန်ဝင်ငွေရရှိ၍ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း တောင်သူ ဦးထွန်းထွန်းလေးထံမှ သိရသည်။