သတင်းများ

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကာကွယဆေးထိုးပေးနိုင်မှု ၅၅၇၉၀၀ ဦး ထိုးပေးနိုင်ပြီဖြစ်
Jul 18,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ဇူလိုင် ၁၈ ရက်နံနက်ပိုင်းအချိန်ထိ ၅၅၇၉၀၀ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် Oxygen Plant မှအောက်စီဂျင်များ ဖြန့်ဝေပေး
Jul 18,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံးကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချပေးသော Containor Oxygen Plant စက်ကြီးဖြင့် ထုတ်လုပ်ရာတွင်၂၀၂၂ ခုနှစ် မတ်လမှ ဇွန်လထိ 40L (၁၉၂)လုံး၊ 15L (၁၁၁)လုံး၊ 10L (၁၂)လုံး စုစုပေါင်း (၃၁၅)လုံး ထုတ်လုပ်နိုင်ခဲ့ပါသည်။
ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုးကြိုတင်ကာကွယ် နိုင်ရေးအသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jul 18,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီက ကျိုက်ဒုံမြို့ အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (omicron) ရောဂါပိုးကြိုတင်ကာကွယ်နိုင်စေရေး အတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကရင်ကျောင်းသားများ ရိပ်သာကြီးကြပ်ရေးကော်မတီ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံ
Jul 18,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ကရင်ကျောင်းသားများ ရိပ်သာကြီးကြပ်ရေးကော်မတီ၊ ကျောင်းသား၊ကျောင်းသူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကရင်ကျောင်းသားများရိပ်သာ၌ ကျင်းပသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးကောင်းသောက်စပါးများ စတင်ပျိုးထောင်
Jul 18,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများသည် မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ မိုးကောင်းသောက်စပါးမျိုးများ စတင်ပျိုးထောင်နေပြီဖြစ်ကြောင်း ကျောက်ပန်တောင်းမြို့နယ် လဲဂွကျေးရွာ မိုးကောင်းသောက်စပါးမျိုး စတင်ပျိုးထောင်နေသည့် ဦးတင်ထွန်းအောင်ထံက သိရသည်။
ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Jul 18,2022
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက  ကျင်းပပြုလုပ်ခဲ့သည်။
ပူတာအို၌ သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်
Jul 18,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို ဇူလိုင်(၁၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ သင်တန်းကာလ နှစ်ရက်ကြာ အဆိုပါဦး စီးဌာနရုံး Community Centre ခန်းမ၌ ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့ ရပ်ကွက်များအတွင်း အသက်(၅)နှစ်မှ (၁၅)နှစ်အရွယ် ကျောင်းမနေသည့် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jul 18,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ရပ်ကွက်များအတွင်း အသက်(၅)နှစ်မှ (၁၅)နှစ်အရွယ် ကျောင်းမနေသည့် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်မှ ကလေးငယ်(၉၀)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။