ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျောင်းသား/သူများ ဉာဏ်ရည်ဉာဏ် သွေးထက်မြက်လာစေရန် ပုံဆက်ဆွဲပြိုင်ပွဲ ပြုလုပ်

ချမ်းအေးသာစံ ဇူလိုင်  ၂၁

မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/သူများအား သွက်လက်ထက်မြက်ပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သော ကလေးများဖြစ်ပေါ်စေရန်ရည်ရွယ် ၍ ပုံဆက်ဆွဲပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ပြိုင်ပွဲကျင်းပခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဦးမောင်မောင်က ပြိုင်ပွဲ၏ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲကို ဆက်လက်၍ ကျင်းပပြုလုပ်ပေးခဲ့ရာ မြို့နယ်စာကြည့်တိုက်တွင် လာရောက်စာဖတ်ကြသော ကျောင်းသားကျောင်း သူ ၄၀ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် တာဝန် ရှိသူများ၊  စာဖတ်ပရိသတ်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်