(၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာပေစကားဝိုင်း၊ ပန်းချီနှင့် ကဗျာရွတ်ပြိုင်ပွဲ၊ ဆုပေးပွဲ အခမ်းအနားကျင်းပ

မြစ်ကြီးနား ဇူလိူင် ၂၁

(၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာပေစကားဝိုင်း၊ ပန်းချီနှင့် ကဗျာရွတ်ပြိုင်ပွဲ၊ ဆုပေးပွဲ အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်ကြီးနားခရိုင်နှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဇူလိူင် ၁၉ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ လူထုအခြေပြုဗဟိုဌာန၊ ကလေးစာဖတ်ခန်း၌ အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီ ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅) ဦးနှင့် စာကြည့်တိုက်ခန်းမတွင် ကျင်းပသည့် ကဗျာရွတ် ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် တက္ကသိုလ်အဆင့် ဗိုလ်ချုပ်ကဗျာရွတ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဗိုလ်ချုပ်ကဗျာရွတ်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား ဆုတံဆိပ်နှင့် အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ဘက်စုံသုံးခန်းမ၌ ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီး ကိုကို (ကသာ)နှင့် စာရေးဆရာများက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာပေစကားဝိုင်း ပြုလုပ် ခဲ့ကြသည်။

ယော်ဆောင်(ပြန်/ဆက်)