ရေဖြူမြို့နယ်၌ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲ ‌အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ရေဖြူ ဇူလိုင် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး ၊အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ရေဖြူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသောဌာနဆိုင်ရာ တာဝန်ရှိသူများက အခမ်းအနားပြင်ဆင်ရေး၊ ပြိုင်ပွဲဝင်များရရှိရေး၊ အကဲဖြတ်အမှတ် ပေးရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ လုံခြုံရေး စသည်ဖြင့်ကော်မတီအသီးသီးတွင် လိုအပ်ချက်နှင့် ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်က ပြန်လည်ဆွေးနွေးပေးခဲ့သည်။

အစည်းအဝေးသို့မြို့နယ် ကျင်းပရေးဦးစီးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

‌ခတ္တာ