သတင်းများ

နတ်တလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jun 17,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်းက ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၆၀၈ ဦးတွင် ၂၈၈ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ (၆/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Jun 17,2022
တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏(၆/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူအသင်း (Book Clup)နှင့် စာဖတ်ဝိုင်းကျင်းပ
Jun 17,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့နံနက်(၁၀)အချိန်က ဒို့ကျေးရွာ ဂျာနယ်အတွဲ(၁၉)၊ အမှတ်(၉)စာစောင်မှ စာရေးဆရာ ဒေါက်တာနိုက်တင်ဂေးလ်ရေးသားသည့်“မှတ်ဉာဏ်သတိ မေ့လျော့ခြင်း” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို စာပေချစ်မြတ်နိုးသူ အသင်း(Book Clup)နှင့်ကျင်းပခဲ့သည်။
မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၄၄ ဒဿမ ၄၇ ရာခိုင်နှုန်းနှင့် ဂုဏ်ထူးရှင် (၃၄၈)ဦး ထွက်ရှိ
Jun 17,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် (၆)နာရီက ထုတ်ပြန်ကြေညာခဲ့ရာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ အောင်ချက်ရာခိုင်နှုန်း ၄၄ ဒဿမ ၄၇ ရာခိုင်နှုန်းနှင့် ဂုဏ်ထူးရှင် (၃၄၈)ဦး ထွက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၃.၀၀) ရာခိုင်နှုန်း ချီဖွေမြို့နယ်၌ အောင်မြင်
Jun 17,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အ‌ခြေခံပညာအတက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၁ - ၂၀၂၂ ခုနှစ်၊ မတ်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၀၃) ဦး ဖြေဆိုထားရာ ဇွန်လ (၁၇)ရက်နေ့ တက္ကသိုလ်စာမေးပွဲ အောင်စာရင်းတွင် အောင်မြင်သူ (၃၄) ဦးရှိကြောင်း သိရှိရသည်။
မလှိုင်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်
Jun 17,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၆)ခုတွင် ယနေ့နံနက်(၆)နာရီအချိန်မှ စတင်၍ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာ ရင်းများ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 17,2022
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်က စာပေချစ်မြတ်နိုးသူများနှင့် Book Clubအဖွဲ့ဝင်များ စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
လင်းခေးမြို့နယ်ရှိ အထက(လင်းခေး)တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jun 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်ရှိ အထက(လင်းခေး)တွင် ယနေ့နက် နံနက်၆ နာရီက ၂၀၂၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ထုတ်ပြန် ကြေညာခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၂၉.၃၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။