သတင်းများ

ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်  ၃၆.၅၈ရာခိုင်နှုန်း အောင်မြင်
Jun 17,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ၌ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၃)ခုမှ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက် ဖြေဆိုအောင်မြင်သူများအား ယနေ့နံနက်ပိုင်းက အထက(ဆင်ပေါင်ဝဲ)နှင့် စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌  သတင်းမှန်၊ သတင်းမှားခွဲခြားနိုင်ရေး အသိပညာပေးဟောပြော
Jun 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သတင်းမှန်၊ သတင်းမှားခွဲခြားနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးလေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပသည်။
သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကျင်းပ
Jun 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကို ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောပွဲကော့မှူး၌ ကျင်းပ
Jun 17,2022
ကျောင်းသား၊ ကျောင်းသူများ အားလပ်သောအချိန်တွင် ကျောင်းစာအပြင် ပြင်ပအသိပညာပေး ဗဟုသုတတိုးပွားစေရေးနှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်က ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း/သာမန်အသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ၏ ကန့်သတ်မှုမရှိသော တင်ဒါ/ပစ္စည်းတင်ဒါ(ပထမအကြိမ်) ရောင်းချခြင်း အခမ်းအနားကျင်းပ
Jun 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ စည်ပင်သာယာရေးကော်မတီ အစည်းအဝေး ခန်းမတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း/သာမန်အသုံးစရိတ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ၏ ကန့်သတ်မှုမရှိသော တင်ဒါ/ပစ္စည်းတင်ဒါ (ပထမအကြိမ်) ရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် သူနာပြု ဦးဆောင်းနှင့် ကုတ်အင်္ကျီ အပ်နှင်းပွဲအခမ်းအနားတက်ရောက်
Jun 17,2022
မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယနေ့နံနက်ပိုင်းက သူနာပြု သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် အပတ်စဉ် (၄၆) သူနာပြုဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများ၏ ဦးဆောင်းနှင့် ကုတ်အင်္ကျီအပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ
Jun 17,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ် ပညာရေးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ကပ်ထားထုတ်ပြန်ကြေညာပေးကြောင်း သိရသည်။
မင်းတုန်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Jun 17,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၅၅၉)ဦးကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပထမသုံးပတ်အတွက် ဘိုးဘွား တစ်ဦးလျှင် ၃၀၀၀၀ နှုန်းဖြင့် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။