သတင်းများ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝိဇ္ဇာဘာသာတွဲတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ဒုတိယဆု ရရှိသူ အ.ထ.က ရွှေကျောင်းမှ သုံးဘာသာဂုဏ်ထူးရှင် မယဉ်ယဉ်နွယ်နှင့် တွေ့ဆုံမေးမြန်းခြင်း
Jun 17,2022
မင်္ဂလာပါရှင့် သမီးနာမည်ကတော့ မယဉ်ယဉ်နွယ် ဖြစ်ပါတယ်ရှင့်။ သမီးကျောင်းစတက်ကတည်း ကျောင်းမှန်မှန်တက်ခဲ့ပါတယ် စာကိုပုံမှန် ကျက်ခဲ့ပါတယ်ရှင့်။ ဆရာ၊ ဆရာမတွေ စာသင်ကြားတဲ့ အချိန်မှာလည်း အာရုံစူးစိုက်ပါတယ်၊ တစ်နေ့ပေးတဲ့ ကျောင်းသင်ခန်းစာများကို တစ်နေ့ပြီးမြောက်အောင် ကျက်ခဲ့ပါတယ်။ ကျန်းမာရေးကိုလည်း အတတ်နိုင်ဆုံး ကရုစိုက်ခဲ့ပါတယ်။
မီးဖိုချောင်စားသုံးကုန်ဖြစ်သည့် ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းအား အစားအသောက်ဘေးကင်းလုံခြုံမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုအားပေး
Jun 17,2022
ပလောက်မြို့အတွင်း မီးဖိုချောင်စားသုံးကုန်ဖြစ်သည့် ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းအား အစားအသောက်ဘေးကင်းလုံခြုံမှု ရှိ/မရှိကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းကြည့်ရှုပြီး အားပေးကူညီခဲ့ကြောင်း သိရသည်။
သိန္နီမြို့နယ်တွင် နယ်လှည့်ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်
Jun 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံပြည်သူများ အသိပညာဗဟုသုတရရှိရေး၊ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတကြွယ်ဝရေးအတွက် နယ်လှည့်ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က သိန္နီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြသခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုစာဖတ်ဝိုင်းကျင်းပ
Jun 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းဆောင်ရွက်မှုကို ယနေ့ နံနက် ၁၀ နာရီက  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်၀င်ခွင့် စာမေးပွဲအောင်စာရင်း ယနေ့နံနက်၌ ထုတ်ပြန်
Jun 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​ရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့ က ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့် စာမေးပွဲအောင်စာရင်းကို မြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းတို့တွင် ယနေ့ နံနက်ပိုင်းက ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ကျင်းပ
Jun 17,2022
ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ကျင်းပခဲ့ကြောင်း သိရသည်။
ချောင်းသာမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပဆောင်ရွက်
Jun 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေအသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို သိရှိနားလည်ပြီး အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတောင်းမြို့ အ.မ.က(ပါဆာ)ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အကြိုဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ကျိုင်းတောင်းမြို့ အ.မ.က(ပါဆာ)ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အကြိုဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်
Jun 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က ကျိုင်းတောင်းမြို့ အခြေခံပညာမူလတန်းကျောင်း(ပါဆာ)ကျောင်းသို့