လင်းခေး ဇွန် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်ရှိ အထက(လင်းခေး)တွင် ယနေ့နက် နံနက်၆ နာရီက ၂၀၂၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထုတ်ပြန် ကြေညာခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၂၉.၃၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
လင်းခေးမြို့၌ စာစစ်ဌာနတစ်ခုရှိပြီး၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ကျောင်းသား/ကျောင်းသူ စာရင်းရှိ ကျား (၈၁) ဦး၊ မ(၁၄၉)ဦး၊ စုစုပေါင်း (၂၃၀)ဦးရှိပြီး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျား(၇၄)ဦး၊ မ(၁၃၇)ဦး ၊ စုစုပေါင်း (၂၁၁)ဦး ရှိသည့်အနက် ကျား(၁၅)ဦး၊ မ(၄၇)ဦး၊ စုစုပေါင်း (၆၂)ဦး ဖြေဆိုအောင်မြင်ခဲ့ရာ အောင်ချက် ရာခိုင်နှုန်း(၂၉.၃၈)ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်းနှင့် သုံးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ နှစ်ဘာသာဂုဏ်ရှင (၃)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၁၂)ဦး ရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။
လင်းခေးခရိုင်တွင် မိုးနဲစာစစ်ဌာန၌ စာရင်းရှိ ကျား(၁၂၁)ဦး၊ မ(၁၉၉)ဦး၊ စုစုပေါင်း (၃၂၀)ဦးမှ ဝင်ရောက်ဖြေဆိုသူ ကျား(၁၁၁)ဦး၊မ (၁၈၅)ဦး၊ စုစုပေါင်း (၂၉၆)ဦး ရှိသည့်အနက် အောင်မြင်သူ ကျား(၂၄)ဦး၊ မ(၆၃)ဦး၊ စုစုပေါင်း (၈၇)ဦးဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်း (၂၉.၃၉) ရာခိုင်နှုန်း ဖြစ်ကြောင်း၊ မောက်မယ်စာစစစ်ဌာန၌ စာရင်းရှိ ကျား(၄၁)ဦး၊ မ(၁၀၀)ဦး၊ စုစုပေါင်း (၁၄၁)ဦးမှ ဝင်ရောက်ဖြေဆိုသူ ကျား(၃၄)ဦး ၊မ(၈၇)ဦး၊ စုစုပေါင်း (၁၂၁)ဦး ရှိသည့်အနက် အောင်မြင်သူ ကျား(၈)ဦး၊ မ(၃၁)ဦး၊ စုစုပေါင်း (၃၉)ဦးဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်း (၃၂.၂၃)ရာခိုင်နှုန်း ဖြစ်ကြောင်း၊ မိုင်းပန်စာစစ်ဌာနတွင် စာရင်းရှိ ကျား(၃၃)ဦး၊ မ(၇၃)ဦး၊ စုစုပေါင်း (၁၀၆)ဦးမှ ဝင်ရောက်ဖြေဆိုသူ ကျား(၂၆)ဦး၊မ (၆၅)ဦး၊ စုစုပေါင်း (၉၁)ဦး ရှိသည့်အနက် အောင်မြင်သူ ကျား(၆)ဦး၊ မ(၁၁)ဦး၊ စုစုပေါင်း (၁၇)ဦးဖြစ်ပြီး အောင်ချက် ရာခိုင်နှုန်း (၂၈.၅၁)ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ခရိုင်ပညာရေးမှူးရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)