မလှိုင်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်

မလှိုင်  ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၆)ခုတွင် ယနေ့နံနက်(၆)နာရီအချိန်မှ စတင်၍ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာ ရင်းများ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အထက(မလှိုင်)၊ အထက(မြို့သစ်)၊ အထက(ပန်းအိုင်)၊ အထက(ဆည်တို)၊ အထက(မုံပင်)၊အထက(နှောကန်)၊ စုစုပေါင်း စာစစ်ဌာန (၆)ခု ကျင်းပခဲ့ပြီး ကျောင်းသား(၅၁၆)ဦး၊ ကျောင်းသူ(၇၈၉)ဦး၊ စုစုပေါင်း(၁၃၀၅)ဦး ဝင်ရောက် ဖြေဆိုခဲ့သည်။

အဆိုပါဝင်ရောက်ဖြေဆိုသူများအနက် ကျောင်းသား(၂၆၈)ဦး၊ ကျောင်းသူ(၄၈၁)ဦး၊ စုစုပေါင်း(၇၄၉)ဦးအောင်မြင်ခဲ့ပြီး အောင်ချက်(၅၇.၃၉ ) ရာခိုင်နှုန်းရှိ၍  (၆)ဘာသာ( ၂၁)ဦး၊ (၅)ဘာသာ(၁၅ ) ဦး၊ (၄)ဘာသာ( ၁၄)ဦး၊ (၃)ဘာသာ( ၂၅)ဦး၊ (၂)ဘာသာ(၄၆ )ဦး၊ (၁)ဘာသာ( ၁၉၈)ဦး၊ စုစုပေါင်း (၃၁၉ )ဦး၊ ဂုဏ်ထူးဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)