ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဇွန် ၁၇

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်က စာပေချစ်မြတ်နိုးသူများနှင့် Book Clubအဖွဲ့ဝင်များ စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က လူငယ်တွေဟာ နောင်တစ်ချိန်တွင် တိုင်းပြည်၏အနာဂတ်ကြယ်ပွင့်များ ဖြစ်သည့်အတွက် ထူးချွန်ထက်မြတ်ပြီး အကျင့်စာရိတ္တကောင်းမွန်သော လူတော်‌လူကောင်းလေးများဖြစ်စေရန်၊ မိမိတိုင်းပြည်အပေါ် ချစ်ခင်မြတ်နိုးစိတ်များဖြင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ်ကိန်းအောင်းစေရန် ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများကို အစဉ်အမြဲ ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်းနှင့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်အေးမိုးက စာရေးဆရာချစ်နိုင် စိတ်ပညာ ရေးသားသော ခေါင်းဆောင်ကောင်းနှင့် စကားပြောစွမ်းရည်စာအုပ်မှ “ပညာနဲ့ငွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း “ဒေါ်ခင်မာလွင်က “အကျိုးရှိသောအလုပ်” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ကျော်သူရ (ကော့မှူး)