နတ်တလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

နတ်တလင်း ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်းက ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၆၀၈ ဦးတွင် ၂၈၈ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို အထက (နတ်တလင်း) စာစစ်ဌာန၊ အထက (တာပွန်) စာစစ်ဌာန၊ အထက (ဒမငယ်) စာစစ်ဌာန၊ အထက (အောင်ဇေယျာ) စာစစ်ဌာနနှင့် အထက (ကရင်ကုန်း) စာစစ်ဌာနတို့တွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းအား သက်ဆိုင်ရာကျောင်းများအလိုက် ကြော်ငြာသင်ပုန်းများဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး တစ်မြို့နယ်လုံးအနေဖြင့် တစ်ဘာသာဂုဏ်ထူးရှင် (၁ဝ၁) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၅) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၂) ဦးနှင့် ငါးဘာသာဂုဏ်ထူးရှင် (၁) ဦးတို့ဖြင့် ထူးချွန်စွာ အောင်မြင် ခဲ့ကြကြောင်း သိရသည်။

ဝေယံဖြိုး(နတ်တလင်း)