မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူအသင်း (Book Clup)နှင့် စာဖတ်ဝိုင်းကျင်းပ

မန်တုံ ဇွန်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ယနေ့နံနက်(၁၀)အချိန်က ဒို့ကျေးရွာ ဂျာနယ်အတွဲ(၁၉)၊ အမှတ်(၉)စာစောင်မှ စာရေးဆရာ ဒေါက်တာနိုက်တင်ဂေးလ်ရေးသားသည့်“မှတ်ဉာဏ်သတိ မေ့လျော့ခြင်း” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို စာပေချစ်မြတ်နိုးသူ အသင်း(Book Clup)နှင့်ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင်မြို့နယ် ဦးစီးအရာရှိဒေါ်ယုယုအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများ၌ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်ရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေမှရရှိသော ဗဟုသုတများဖြင့် အများအကျိုး ဆောင်ရွက်နိုင်စေရန်၊ လူတိုင်းစာဖတ်ခြင်း အလေ့အထဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒေါ်လဲ့လဲ့အောင် (BookClup) အတွင်း​ရေးမှူးမှအိပ်ချိန်၊ စားချိန်မမှန်ဘဲ နေထိုင်စားသောက် မှုပုံစံများအပြောင်းအလဲဖြစ်ခဲ့ရင် မှတ်ဉာဏ်ချို့ယွင်းနိုင်ပြီး မိသားစုထဲမှာဒီလိုရောဂါဖြစ်ဖူးတဲ့ ရာဇဝင်ရှိတယ် ဆိုရင်ဖြစ်နိုင်ခြေပိုများပါတယ်။ နေ့ဆိုင်း၊ ညဆိုင်းပြောင်းပြီး အလုပ်ဆင်းရသူများ၊ မကြာခဏ ခရီးသွားရသူများမှာ အိပ်ချိန်မမှန်ခြင်းကြောင့် မှတ်ဉာဏ်ပျက်စီးစေတတ်ကြောင်းနှင့် တက်ရောက်လာသော  စာပေချစ်မြတ်နိုး သူအသင်းအဖွဲ့ဝင်များမှ ကျန်းမာရေးဆောင်းပါးပါ    အစားအစာများနဲ့ နေထိုင်ပြုမူပုံများက အရွယ်မတိုင်မီ မှတ်ဉာဏ် သတိမေ့လျော့ခြင်း အယ်ဇိုင်းမားရောဂါ ဖြစ်မလာအောင်အထိုက်အလျောက် ကာကွယ်ပေးနိုင်ကြောင်း  အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

မန်တုံ(ပြန်/ဆက်)