သတင်းများ

အခြေခံပညာအထက်တန်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jun 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ စာစစ်ဌာန အသီးသီးတွင် ၂၀၂၂-၂၀၂၃ အခြေခံပညာ အထက်တန်းတက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမှု အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဝမ်းတွင်းမြို့နယ်တွင် နို့တိုက်မိခင်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Jun 17,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် နို့တိုက်မိခင်၊ ကိုယ်ဝန်ဆောင် မိခင်နှင့်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်မှစတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံဆေးထိုးစုရပ်နှင့် ရပ်ကွက်ကျေးရွာ အုပ်စု ဆေးထိုးစုရပ်များတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၄၄.၆၃%) ရာခိုင်နှုန်းအထိ အောင်မြင်မှုရှိ
Jun 17,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ  သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာန များတွင် ယနေ့နံနက် (၆)နာရီမှ စတင်ကာ ထုတ်ပြန်လျက်ရှိရာ ဇမ္ဗူသီရိမြို့နယ်၌ အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအား
ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 17,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် နေကြာ(မိုး)သီးနှံ သီးသန့်စိုက်ပျိုးနေမှုနှင့် ပိုက်ဆံလျှော်စိုက်ပျိုးမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှု
Jun 17,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် စိုက်ခင်းတွင် နေကြာ(မိုး)သီးနှံ သီးသန့်စိုက်ပျိုးနေမှုနှင့် ပိုက်ဆံလျှော်စိုက်ပျိုးမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။
သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထုတ်ပြန်ရာ အောင်ချက်ရာခိုင်နှုန်း ၅၃ ဒသမ ၁၄ ရာခိုင်နှုန်းရှိ
Jun 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းအား မြို့နယ်ပညာရေးမှူးရုံးမှ ယနေ့ ဇွန် ၁၇ ရက် နံနက် ၆ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ စာစစ်ဌာန(၆)ခုတို့ရှိ ကျောင်းများ၌ အောင်စာရင်းကပ်၍ ထုတ်ပြန်ကြေညာခဲ့သည်။
တောင်သာမြို့နယ်ရှိ စာစစ်ဌာနများ၌ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jun 17,2022
တောင်သာမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာ နကျောင်းများတွင် ယနေ့နံနက် ၆ နာရီအချိန်က စတင်ပြီး ထုတ်ပြန်ကြေညာပေးကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင်  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Jun 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် တိုက်နယ်ကျန်းမာရေးဌာန နှင့်ဌာနဆိုင်များပူး‌ပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်းလိုက်လံ၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်