မိုးညှင်း ဇွန် ၁၇
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် (၆)နာရီက ထုတ်ပြန်ကြေညာခဲ့ရာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ အောင်ချက်ရာခိုင်နှုန်း ၄၄ ဒဿမ ၄၇ ရာခိုင်နှုန်းနှင့် ဂုဏ်ထူးရှင် (၃၄၈)ဦး ထွက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မိုးညှင်းမြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၈)ခု၌ စာမေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၁၇၉၉)ဦးရှိရာ စာမေးပွဲ အောင်မြင်သူ (၈၀၀)ဦး ရှိပြီး ငါးဘာသာဂုဏ်ထူးရှင် (၅)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၇)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၄၉)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၆၁)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၂၂၆)ဦး စုစုပေါင်းဂုဏ်ထူးရှင် (၃၄၈)ဦး ရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေထံမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)