ချီဖွေ ဇွန် ၁၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အခြေခံပညာအတက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၁ - ၂၀၂၂ ခုနှစ်၊ မတ်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၀၃) ဦး ဖြေဆိုထားရာ ဇွန်လ (၁၇)ရက်နေ့ တက္ကသိုလ်စာမေးပွဲ အောင်စာရင်းတွင် အောင်မြင်သူ (၃၄) ဦးရှိကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ချီဖွေမြို့နယ် ခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနမှ အ-ထ-က(ချီဖွေ) ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး၊ အ-ထ-က(ပန်ဝါ) ကျောင်းသား၊ ကျောင်းသူ (၄)ဦး၊ အ-ထ-က(နိုဇွန်ဘော်) ကျောင်းသား၊ ကျောင်းသူ (၅)ဦး၊ အ-ထ-က (ဆော့လော်) ကျောင်းသား၊ ကျောင်းသူ (၁)ဦး စုစုပေါင်း (၂၂)ဦးနှင့် ပြင်ပဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး စုစုပေါင်း (၃၄)ဦး အောင်မြင်ခဲ့ပြီး ရိုးရိုးအောင်မြင်သူ (၁၅)ဦး၊ တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၂)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ (၆)ဦး၊ သုံးဘာသာဂုဏ်ဖြင့် အောင်မြင်သူ (၁)ဦးရှိပြီး စာမေးပွဲဖြေဆိုအောင်မြင်သည့် ရာခိုင်နှုန်း (၃၃.၀၀)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
မေခမွန်(ပြန်/ဆက်)