ကော့မှူး ဇွန် ၁၇
ကျောင်းသား၊ ကျောင်းသူများ အားလပ်သောအချိန်တွင် ကျောင်းစာအပြင် ပြင်ပအသိပညာပေး ဗဟုသုတတိုးပွားစေရေးနှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်က ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသားကျောင်းသူများအား အားလပ်သောအချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုတက်သော အလေ့အကျင့်ကောင်းများ ရရှိစေရန် စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန် အလိမ္မာစာမှာ ရှိစာအုပ်စာပေလူမိတ်ဆွေဆိုသည်အတိုင်း စာအုပ်စာစောင်များ ဖတ်ရှုခြင်းဖြင့်အမှား အမှန်ဝေဖန် ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်းနှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် အားလပ်သောအချိန်များ၌ အခမဲ့စာအုပ်စာစောင်များ အားလာရောက်လေ့လာငှားရမ်းဖတ်ရှုကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိညာပေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုနေကြကြောင်း သိရသည်။
ကျော်သူရ ကော့မှူး