ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်  ၃၆.၅၈ရာခိုင်နှုန်း အောင်မြင်

ဆင်ပေါင်ဝဲ ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ၌ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၃)ခုမှ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက် ဖြေဆိုအောင်မြင်သူများအား ယနေ့နံနက်ပိုင်းက အထက(ဆင်ပေါင်ဝဲ)နှင့် စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် စာစစ်ဌာန(၃)ခုမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ စုစုပေါင်း(၅၁၄)ဦးရှိရာ ဖြေဆိုအောင်မြင်သူ(၁၈၈)ဦးရှိပြီး အောင်ချက် ၃၆.၅၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နိုင်လင်း (ပြန်/ဆက်)