သာပေါင်း ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကို ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ဧက ပြည့်မီကျော်လွန်ရေး ဆောင်ရွက်ရန်၊ အထွက်နှုန်း တိုးတက်မြင့်မားရေး စိုက်ပျိုးရေးဌာနမှ ကွင်းဆင်းပြီး နည်းပညာပံ့ပိုး ဆောင်ရွက်ရန်၊ ဓာတ်မြေသြဇာဝယ်ယူ ဖြန့်ဖြူးမည့်စာရင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတို့မှ ပြုစုတင်ပြရေး ဆောင်ရွက်ရန်၊ တောင်သူတစ်ဦးချင်း စိုက်ဧကတာဝန်ပေးအပ်ရာတွင် ကြီးကြပ်ဆောင်ရွက်ပေးရန်၊ ၂၀၂၂-၂၀၂၃ ခုနှစ် နေကြာစိုက်မည့် လျာထားဧကအား ကျေးရွာအုပ်စုအလိုက်၊ တောင်သူတစ်ဦးချင်းအလိုက် စာရင်းပြုစု၍ တစ်ဦးချင်း သိရှိဆောင်ရွက်ရေး တာဝန်ပေးအပ်ဆောင်ရွက်ရန်၊ စိုက်ပျိုးရေးကိန်းဂဏန်းများ မှန်ကန်ရေး အလေးထားဆောင်ရွက်ရန်တို့ကို မှာကြားပြီး ပြန်လည်ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)