ဝါးခယ်မ ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ စည်ပင်သာယာရေးကော်မတီ အစည်းအဝေး ခန်းမတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း/သာမန်အသုံးစရိတ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ၏ ကန့်သတ်မှုမရှိသော တင်ဒါ/ပစ္စည်းတင်ဒါ (ပထမအကြိမ်) ရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလွင်၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမန်းထွန်းမြင့်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးအောင်စိုးနှင့် တာဝန်ရှိသူများ၊ နှင်းမြတ်ရတနာကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အဖွဲ့များ တက်ရောက်ကြပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမန်းထွန်းမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးအောင်စိုးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း/ သာမန်အသုံးစရိတ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ၏ ကန့်သတ်မှုမရှိသော တင်ဒါ/ပစ္စည်း တင်ဒါနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ စာရင်းစစ်ဆေးချက်များနှင့်လွတ်ကင်းစေရေး ဆောင်ရွက်ရမည့် အချက်များ၊ ကုမ္ပဏီများမှ လိုအပ်ချက်များကို ဖြည့်စွက် ရှင်းလင်းပြောကြားခဲ့ကြောင်း နည်းပညာအဆိုပြုလွှာ၊ ဈေးနှုန်းအဆိုပြုလွှာများကို သက်ဆိုင်ရာ ကုမ္ပဏီများမှ တင်သွင်းခဲ့ကြကြောင်းနှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအား လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရေး၊ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)