ကျိုင်းတုံမြို့၌  သတင်းမှန်၊ သတင်းမှားခွဲခြားနိုင်ရေး အသိပညာပေးဟောပြော

ကျိုင်းတုံ ဇွန် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သတင်းမှန်၊ သတင်းမှားခွဲခြားနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးလေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်(ကျိုင်းတုံ)ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးမောင်က သတင်းအချက်အလက်နှင့် မီဒီယာ သိနားလည်မှုဆိုင်ရာ အကြောင်းဟောပြောပြီး ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက သတင်းမှန်၊ သတင်းမှားခွဲခြားနည်းနှင့် သတင်းတုမှန်း သိရှိစေနိုင်မည့် နည်းလမ်းများ၊ သတင်းမီဒီယာကျင့်ဝတ်နှင့် သတင်းကောင်း သတင်းမှန်ရွေးချယ်တတ်စေရေး  အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ သင်တန်းသူများ အသိပညာပေး ဟောပြောသည်။

ထို့နောက် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များကို သင်တန်းသူများအား ခင်းကျင်းပြသခဲ့ပြီး သတင်းမှန်၊ သတင်းမှားခွဲခြားနိုင်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)