မော်လမြိုင် ဇွန် ၁၇
မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယနေ့နံနက်ပိုင်းက သူနာပြု သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် အပတ်စဉ် (၄၆) သူနာပြုဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများ၏ ဦးဆောင်းနှင့် ကုတ်အင်္ကျီအပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်ပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်လျက်ရှိကြောင်း ကျန်းမာရေးကဏ္ဍတိုးတက် မြင့်မားလာစေရေးအတွက်လည်း စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည်လည်းခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့နေရာမှာ ကျန်းမာရေးကဏ္ဍဟာ အဓိကအလေးထား တိုးမြှင့်ဆောင်ရွက်နေတဲ့ ကဏ္ဍတစ်ရပ် ဖြစ်ပါကြောင်း ကျန်းမာရေးကဏ္ဍတွင် အခြားနိုင်ငံများနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်ရေးအတွက် ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ဆိုင်ရာ အရည်အသွေး များ တိုးတက်ကောင်းမွန်ရန် လိုအပ်သည့်အတွက် ချမှတ်ထားတဲ့ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် သင်တန်းများ ဖွင့်လှစ်၍ သင်ကြားပို့ချ ပေးခြင်းဖြစ်ကြောင်း နိုင်ငံ၀န်ထမ်းများအဖြစ် တာ၀န်ထမ်းဆောင်ကြမည့် သင်တန်းဆင်းသူနာပြုများအနေဖြင့် မိမိတို့ရဲ့တာ၀န်နှင့် ကျင့်၀တ်များ ကို လေးစားလိုက်နာကြရန် ပြောကြားခဲ့သည်။
ထို့နောက် မော်လမြိုင်သူနာပြု သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ညွန်ညွန့်ဟန်က သင်တန်းတက်ရောက်သူများ လိုက်နာကျင့်သုံး ဆောင်ရွက်ကြရမည့် အကြောင်းအရာ များအား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးနှင့် သူနာပြုအုပ်များက သင်တန်းသား/ သူ(၄၄)ဦးအား သူနာပြု အမှတ်အသားဖြစ်သည့် ဦးဆောင်နှင့်ကုတ်အင်္ကျီများကို ချီးမြှင့်အပ်နှင်းကြပြီး ထူးချွန်ဆုရရှိသူများနှင့် အားကစားပစ္စည်းများအား ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ သင်တန်းသား / သူများက သူနာပြုကျင့်ဝတ်များအား ရွတ်ဆိုကြကာ “ဂရုဏာအလင်း” သီချင်းဖြင့် သီဆိုဖြေဖျော်ကြပြီး ပြည်နယ်၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့၀င် ၀န်ကြီးများက သင်တန်းသား/ သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်