မင်းတုန်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

မင်းတုန်း ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၅၅၉)ဦးကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပထမသုံးပတ်အတွက် ဘိုးဘွား တစ်ဦးလျှင် ၃၀၀၀၀ နှုန်းဖြင့် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှုး၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်၊ ကျေးရွာ စာရေးဝန်ထမ်းများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)