၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ

မိုင်းယောင်း  ဇွန်  ၁၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ် ပညာရေးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ကပ်ထားထုတ်ပြန်ကြေညာပေးကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် စာစစ်ဌာနတစ်ခုဖြင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၁၄၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ရိုးရိုးအောင်မြင်သူ ၂၆ ဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူ ခြောက်ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ တစ်ဦးနှင့် သုံးဘာသာဂုဏ်ထူးရရှိသူတစ်ဦး စုစုပေါင်း ၃၄ ဦး အောင်မြင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၂၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စိုင်းအောင်ဇော်လင်း