သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ (နေပြည်တော်) တွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်
Jun 17,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့(နေပြည်တော်)တွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ချီးမြှင့်သည်။
သနပ်ပင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲ ပြုလုပ်
Jun 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က သူဌေးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းတက်/ ကျောင်းဆင်းချိန် ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jun 17,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်တွင် ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်က စလင်းမြို့ယာဉ်ထိန်းတပ်ဖွဲ့စိတ် ရဲအုပ်သန်းနိုင်ဝင်းဦးဆောင်၍ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်အတူ အထက(၁)ကျောင်း၊ ကျောင်းတက်/ကျောင်းဆင်း ချိန်များနှင့် ခရီးသွားပြည်သူများယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်မှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၄၇ ဒသမ ၅၀ ရာခိုင်နှုန်း အောင်မြင်
Jun 17,2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်ကစ၍ တစ်နိုင်လုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေငြာခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှ ဝင်ရောက်ဖြေဆိုသူပေါင်း ၁၃၀၁ ဦးရှိးခဲ့ပြီး ဖြေဆိုအောင်မြင်သူပေါင်း ကျောင်းသာ ၂၂၀ ဦး၊ ကျောင်းသူ ၃၉၈ ဦး စုစုပေါင်း ၆၁၈ ဦးရှိကာ အောင်ချက် ရာခိုင်နှုန်းအနေဖြင့် ၄၇ ဒသမ ၅၀ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် အမျိုးသား ၊ အမျိုးသမီး ဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Jun 17,2022
၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးရုံ၌ ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Jun 17,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ (၁) ရီအချိန်က မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်း (၁/၂၀၂၂) ဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် မသန်စွမ်းသူများ အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ပြုလုပ်
Jun 17,2022
 မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှု၀န်ထမ်းဦးစီးဌာန တို့ပူးပေါင်းပြီး ဇွန် (၁၇) ရက်နေ့၊ နံနက်ပိုင်းက မသန်စွမ်းသူများ  အသိပညာပေး  Talk Show ဆွေးနွေး ပွဲကိုကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ခါမ်းပါတ်စာစစ်ဌာနမှ တက္ကသိုလ်ဝင်စာ​​မေးပွဲ ဝင်ရောက်ဖြေဆိုသူ (၁၀၂) ဦးရှိပြီး (၃၂) ဦး ဖြေဆိုအောင်မြင်
Jun 17,2022
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာ​မေးအပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် အောင်စာရင်းကပ်ကာ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။